Maung Htaung (1811 - 1880)

‹ Back to Htaung surname

View Maung Htaung's complete profile:

  • See if you are related to Maung Htaung
  • Request to view Maung Htaung's family tree

Share

Related Projects

Birthdate:
Death: Died
Managed by: Thant Ko Ko Maung
Last Updated:

About Maung Htaung

1846 - 1853 H.M. Pyinsama Singhaya-nasin Sri Pawara Vijaya Nanda Jatha Maha Dharma Rajadhiraja Pagan Min Thaya Gyi, King of Burma. b. at Amarapura, 21st June 1811, as Maung Biddhu Khyit, educ. privately. Raised to the rank of Sado Min Htin 1823. Granted the title of Sri Maha Suriya Dharmaraja 1828. Granted Taungdwin in fief 1835, which he exchanged for Ngesinkoo in 1837. Granted the title of Prince of Pagan (Pagan Min) by his father, August 1842. Succeeded on the death of his father, 17th November 1846. Abdicated in favour of his younger brother, 18th February 1853.

He d.s.p. from smallpox at Ratnapura, 14th March 1880.

ပုဂံမင်း (၁၈၄၆-၁၈၅၃)သည် ကုန်းဘောင်ဆက်၏ ၉ဆက်မြောက် မင်းဖြစ်သည်။ ဖခင်ဖြစ်သူ သာယာဝတီမင်းနောက် နန်းတက်သည်။ နန်းတက်ဘွဲ့မှာ သိရီသုဓမ္မ တိလောကပ၀ရ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ၆-နှစ်စံတော်မူပြီး အိမ်နိမ့် ၃၅-နှစ်စံရသည်။ ပုဂံမင်းသည် သာယာဝတီမင်း၏ သားတော် အပါး(၂ဝ) ရှိတဲ့အနက် အကြီးဆုံး သားတော် ဖြစ်သည်။ အသက် (၂၄) နှစ် အရွယ်တွင် တောင်တုန်းချောင်မြို့ကို စားရပြီး အသက် (၂၆) နှစ်တွင် ငစဥ့်ကူးမြို့ကို စားရသည်။ ထိုလမှာ ငစဥ့်ကူးနှင့် လဲပြီး ရွှေတောင်မြို့ကို စားရပါသည်။ အသက် (၃၁) နှစ်အရွယ်တွင် ရွှေတောင်မြို့ကို ပုဂံမြို့နှင့်လဲပြီး စားခဲ့ရသည်။ ထိုအချိန်ကစ ပုဂံမင်းဟု အမည် တွင်ခဲ့သည်။ ပုဂံမင်းသားဟာ အသက် (၃၄) နှစ်အရွယ်မှာ တပ်တော်ကို အမှူးအချုပ်ပြုပြီး ပြည်မင်းသား ပုန်ကန်တဲ့ အရေးအခင်းကို အောင်ပွဲရအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။

နံတော် သောကြာသား၊ ငယ်မည်မှာ မောင်ထောင် ဖြစ်သည်။ နန်းတက်ပြီးနောက် တိုင်းရေး ပြည်ရာကို အားစိုက် ကြိုးပမ်းသော်လည်း ရေရှည်တွင်မူ တိုင်းပြည်ကို အရည်အသွေးရှိစွာ အုပ်စိုးနိုင်စွမ်း မရှိပေ။ တိုင်းပြည် ရေးရာများကို မင်းတုန်းမင်းသား နှင့် ကနောင်မင်းသားတို့ ဦးဆောင်သည့် လွှတ်တော်သို့ လွှဲအပ်ကာ စီရင်စေပြီး ကိုယ်တိုင်ကမူ ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည့် ကြက်ပွဲ အပါအ၀င် တိရိစ္ဆာန်များကို တိုက်ခိုက်စေခြင်း၊ မူးယစ်သောက်စားခြင်း နှင့် အပေါင်းအပါများ ခြံရံကာ ပေါ့လျော့စွာ နေထိုင်သည်။

နန်းသက် နောက်ဆုံးနှစ် မတိုင်မှီ ၁၈၅၂တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားသည်။ မြန်မာတို့ဖက်မှ ကောင်းစွာ ခုခံနိုင်စွမ်း မရှိသဖြင့် ပဲခူးတိုင်း အပါအ၀င် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်လက်သို့ ပါလေသည်။

view all

(9) H.M. King Pagan Min's Timeline

1811
June 21, 1811
1880
March 14, 1880
Age 68